• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မင်းသုဝဏ်နှင့်တရုတ်ပြည်ရေစက် စာအုပ်သစ် ဖြန့်ချိထုတ်ဝေပွဲ အခမ်းအနား ပီကင်း၌ ကျင်းပ

(GMT+08:00) 2017-04-10 10:01:59

တရုတ်-မြန်မာ နှစ်ဘာသာဖြင့် မင်းသုဝဏ်နှင့် တရုတ်ပြည်ရေစက် စာအုပ်သစ် ဖြန့်ချိ ထုတ်ဝေပွဲ အခမ်းအနားကို ယခုလ ၉ ရက်နေ့ ညနေပိုင်းက ပီကင်း တျောက်ယူထိုင် နိုင်ငံတော် ဧည့်ဂေဟာ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်နှင့် ဇနီးသည် ဒေါ်စုစုလွင်တို့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်က၊ မိမိ၏ ယခုအကြိမ် တရုတ်ပြည် ခရီးစဉ်အတွင်း မင်းသုဝဏ်နှင့် တရုတ်ပြည်ရေစက် စာအုပ်ဖြန့်ချိ ထုတ်ဝေပွဲ အခမ်းအနားသို့ တက်ရောက်လာရသည့်အတွက် လွန်စွာ ဝမ်းသာ ပါကြောင်း၊ အဖေ ဖြစ်သူ မင်းသုဝဏ် ဘာသာပြန် ရေးသားပြုစုခဲ့သော စာပေလက်ရာများသည် တရုတ်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးအတွက် ဆက်လက် အကျိုးပြုသွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။

တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး ဒုဥက္ကဋ္ဌ ကိုဝေမင်က၊ မင်းသုဝဏ်သည် တရုတ် ယဉ်ကျေးမှုကို ဘက်စုံ လေးနက်စွာ နားလည်သည်ဟု ဤစာအုပ်မှနေ တွေ့မြင်ရပါကြောင်း၊ ယင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှု ကူးလူးဖလှယ်မှု နယ်ပယ်တွင် ခိုင်မာသော ပြည်သူ့ဆန္ဒ အခြေခံ ရှိသည်ဟု သက်သေပြထူနေကြောင်း ပြောကြားခဲ့ပါသည်။

   Webradio