• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆွီဒင်နိုင်ငံ၌ ကုန်တင်ကား လူအုပ်တွင် ဝင်တိုက်မှု ဖြစ်ပွါး

(GMT+08:00) 2017-04-08 10:37:20

ဆွီဒင်နိုင်ငံ ရဲဘက်က၊ ယခုလ ၇ ရက်နေ့တွင် ကုန်တင်ကား တစ်စီးသည် စတော့ဟုမ်း မြို့တော် မြို့လယ်ဒေသ၌ လူအုပ်ထဲတွင် ဝင်တိုက်ခဲ့ရာ လက်ရှိအချိန်အထိ လူ ၃ ဦးထက် မနည်း သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

၇ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဆွီဒင် ဝန်ကြီးချုပ် လောဗင်က၊ လက္ခဏာအလျက်အလက်များအရ ယင်းသည် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် ၇ ရက်နေ့က ၄င်း၏ ပြောရေးဆိုခွင့်မှ တဆင့် ကြေညာချက် ထုတ်ပြန်ပြီး ယင်း အကြမ်းဖက်တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio