• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေး ကျင်းပပြီးစီး

(GMT+08:00) 2017-04-08 10:12:55
အာဆီယံ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေးကို ယခုလ ၇ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ စေဘူမြို့၌ ကျင်းပပြီးစီးခဲ့ကြောင်း၊ ယခုအကြိမ် အစည်းအဝေးတွင် အာဆီယံ ဒေသတွင်း စီးပွါးရေး တိုးတက်မှု တိုးမြှင့်ရေး၊ ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေး ဝါဒကြောင့် ဖြစ်စေနိုင်သော အန္တရာယ်များကို ကြိုတင်ကာကွယ်ရေး၊ စီးပွါးရေး ဖွံ့ဖြိုးမှု ဆိုင်ရာ အောင်ကျိုးရလဒ်များကို ဒေသတွင်း ပြည်သူများ မျှဝေခံစားရေး စသည့်ကိစ္စများနှင့် ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
   Webradio