• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အမေရိကန် ထိပ်သီးခေါင်းဆောင်များ ဒုတိယအကြိမ် တရားဝင် တွေ့ဆုံပွဲ ကျင်းပ

(GMT+08:00) 2017-04-08 09:27:22

ဒေသစံတော်ချိန် ဧပြီလ ၇ ရက်နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အမေရိကန် ဖရော်လီဒါပြည်နယ် မာရာလာကို ဥယျဉ်ခြံမြေ၌ အမေရိကန် သမ္မတ ထရန့်နှင့် ဒုတိယအကြိမ် တရားဝင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ခေါင်းဆောင်နှစ်ဦးတို့သည် တရုတ်-အမေရိကန်အကြား အရေးကြီးနယ်ပယ်များ၌ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုနှင့် အတူတကွ အရေးထားကြသော နိုင်ငံတကာနှင့် ဒေသရေးရာများနှင့် ပတ်သက်ပြီး နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း၊ နှစ်ဦး နှစ်ဖက်တို့သည် ယခုအကြိမ် တရုတ်-အမေရိကန် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲသည် အပြုသဘောဆောင်ပြီး အောင်မြင်မှုများသည်ဟု ယူဆကြကြောင်း၊ နှစ်ဖက်တို့သည် အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းနယ်ပယ်ကို တိုးချဲ့ရန်နှင့်  အပြန်အလှန် လေးစားသော အခြေခံပေါ်တွင် သဘောကွဲလွဲမှုများကို ထိန်းချုပ်ရန် သဘောတူကြကြောင်း သတင်းရရှိပါသည်။

   Webradio