• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-လာအို မီးရထားလမ်း ဖောက်လုပ်မှု အရှိန်မြှင့် ဆောင်ရွက်

(GMT+08:00) 2017-04-07 15:19:28

တရုတ်-လာအို မီးရထားလမ်း ဖောက်လုပ်မှုကို အရှိန်မြှင့် ဆောင်ရွက်နေကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ယခုအချိန်သည် လာအိုနိုင်ငံ၏ မိုးလွန်ရာသီ ဖြစ်ပြီး တရုတ်-လာအို မီးရထားလမ်း ဖောက်လုပ်မှု ဘက်စုံ ဆောင်ရွက်ခဲ့သည့်နောက်ပိုင်းတွင် ပထမဆုံး မိုးလွန်ရာသီ ဖြစ်ကြောင်း သိရသည်။

တရုတ်-လာအို မီးရထားလမ်းသည် နှစ်နိုင်ငံ နယ်စပ်ဒေသမှ လာအို နိုင်ငံ ဗီယင်ကျမ်းမြို့တော်သို့ ပေါက်ရောက်ပြီး စုစုပေါင်းအရှည်မှာ ကီလိုမီတာ ၄၀၀ရှိကြောင်း၊ လမ်းတလျှောက်တွင် ဘူတာရုံ ၃၂ခုရှိပြီး ခန့်မှန်းမြန်နှုန်းမှာ ၁၆၀ကီလိုမီတာရှိကြောင်း၊ စုစုပေါင်း တရုတ်ယွမ်ငွေ ဘီလီယံ ၄၀ ရင်းနှီးပြီး ၅နှစ်တွင် ဖောက်လုပ်ပြီးစီးရန် စီစဉ်ထားကြောင်း သိရသည်။

   Webradio