• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ လုံခြုံရေးကွန်ဖရင့် အတွင်းရေးမှူးအစည်းအဝေး ကိုရှိန်ခွန်တက်ရောက်

(GMT+08:00) 2017-04-07 15:04:19

       ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ လုံခြုံရေးကွန်ဖရင့် ၁၂ ကြိမ်မြောက် အတွင်းရေးမှူးအစည်းအဝေးကို ယခုလ ၆ ရက်နေ့က ကာဇာတ်စတန်နိုင်ငံ အာစတာနာ မြို့တော်တွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ကိုရှိန်ခွန်သည်၊ တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ ယင်းအစည်းအဝေးသို့  တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်း စီအာအိုင်သတင်းအရသိရသည်။

ကိုရှိန်ခွန်က၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည်၊ အဖွဲ့ဝင်နိုင်ငံများက ဘက်စုံ မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုပြုလုပ်ကြသည့် ပလက်ဖောင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ယင်းအစည်းအဝေးတွင် မှတ်တမ်းကျဉ်းချုပ်များကို ရေးသားချုပ်ဆိုခဲ့ရုံသာမက၊ သတင်းပြန်တမ်းလည်းထုတ်ပြန်ခဲ့သည်ဟု သိရသည်။

   Webradio