• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယား ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို ကုလပြစ်တင်ရှုတ်ချ

(GMT+08:00) 2017-04-07 12:57:28

        ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယခုလ ၆ ရက်နေ့က မီဒီယာ ကြေညာချက် ထုတ်ပြန်ခဲ့ရာ မကြာခင်ရက်များက မြောက်ကိုးရီးယားနိုင်ငံ၏  ဒုံးလမ်းသွားဒုံးကျည် စမ်းသပ်ပစ်ခတ်မှုများကို ပြစ်တင်ရှုတ်ချပြီး ကိုးရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ခြင်းသည် အရေးကြီးကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ဒေသစံတော်ချိန် ယခုလ ၅ရက်နေ့ နံနက်ပိုင်းက မြောက်ကိုးရီးယားသည် ကိုးရီးယား ကျွန်းဆွယ်အရှေ့ပိုင်း ပင်လယ်ရပ်ဝန်းဒေသသို့ ဒုံးလမ်းသွားဒုံးကျည် တစ်လုံးကို စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုးရီးယားစစ်ဘက်က ယင်းနေ့တွင် ကြေညာခဲ့သည်ဟု သတင်းအရ သိရပါသည်။

   Webradio