• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယားအား အရေးယူမှု ထပ်မံပြုလုပ်မည်ဟု ဥရောပသမဂ္ဂက ကြေညာ

(GMT+08:00) 2017-04-07 10:30:33

မြောက်ကိုးရီးယားနိုင်ငံအား အရေးယူမှုထပ်မံပြုလုပ်ပြီး ရင်းနှီးမြှုပ်နှံရေးနှင့် ဝန်ဆောင်မှုရေးရာ စသောနယ်ပယ်များတွင် မြောက်ကိုးရီးယားအား တိုးချဲ့ကန့်ကွက်ကြောင်း၊ ဧပြီလ ၆ရက်နေ့က ဥရောပသမဂ္ဂက ကြေညာခဲ့သည်ဟု၊ ဆင်ဟွာသတင်းအရ သိရပါသည်။

မြောက်ကိုးရီးယား၏ ဆောင်ရွက်မှုများသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ဖောက်ဖျက်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နေသောကြောင့် ဥရောပသမဂ္ဂသည် မြောက်ကိုးရီးယား အား တိုးချဲ့အရေးယူမှုပြုလုပ်ကြောင်း၊ ယင်းကြေညာချက်တွင် ဖော်ပြထားပါသည်။

   Webradio