• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်က ဖင်လန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

(GMT+08:00) 2017-04-06 10:53:26

တရုတ်နိုင်ငံတော်ဥက္ကဌ ရှီကျင့်ဖိန်သည် ဧပြီလ ၅ရက်နေ့က ဟယ်လဆင်ကီတွင် ဖင်လန်နိုင်ငံ ဝန်ကြီးချုပ် စီပီလာနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း၊ ဆင်ဟွာသတင်း အရ သိရပါသည်။

ဥရောပတိုက်၏ဖွံ့ဖြိုးတိုးတက်ရေးသည် ကမ္ဘာ့ အေးချမ်းတည်ငြိမ်ရေးကို တွန်းအားပေးရန်အတွက် အထောက်အကူဖြစ်နေကြောင်း၊ ဥရောပတိုက်တွင် စည်ပင်သာယာမှု၊ တည်ငြိမ်မှု နှင့် တံခါးဖွင့်မှုကို ထိန်းသိမ်းထားရန် ဥရောပသမဂ္ဂ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် နှင့် တရုတ်-ဥရောပဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေးတွင် ဖင်လန်နိုင်ငံသည် ပိုမိုတက်ကြွသော သြဇာသက်ရောက်မှုရှိရန် တရုတ်ပြည်က မျှော်လင့်ကြောင်း၊ ရှီကျင့်ဖိန်က ပြောကြားပါသည်။

ဖင်လန်နိုင်ငံအနေနှင့် ရင်းနှီးမြှုပ်နှံရေး၊ ပတ်ဝန်းကျင်နှင့် သန့်စင်ရေးနည်းပညာ၊ ခရီးသွားလာရေး၊ ဆောင်းရာသီအားကစား၊ ပညာရေး၊ မြောက်ဝင်ရိုးစွန်းရေးရာ စသောနယ်ပယ်များတွင် နှင့် One Belt and Road မူဘောင်အတွင်း တရုတ်နှင့်အတူ တိုးချဲ့ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ စီပီလာက ပြောကြားပါသည်။

   Webradio