• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အိန္ဒိယနှင့်ရင်းနှီးမြှုပ်နှံရေးပူးပေါင်းဆောင်ရွက်မှုတွန်းအားပေးမည်ဟုမလေးရှားဝန်ကြီးချုပ်ဆို

(GMT+08:00) 2017-04-05 14:43:57

မလေးရှားဝန်ကြီးချုပ်နာဂျစ်ဘ်သည် ယမန်နေ့ ၄ ရက်နေ့က မလေးရှားနှင့်အိန္ဒိယနှစ်နိုင်ငံတို့သည် ရင်းနှီးမြှုပ်နှံရေးပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးမည်ဟုပြောကြားခဲ့ကြောင်း၊ နာဂျစ်ဘ်က  Facebookမှာ ထုတ်ပြန်သော ဆောင်းပါးတွင် မိမိသည် အိန္ဒိယဝန်ကြီးချုပ်မော်ဒီနှင့်သဘောတူညီမှုရရှိပြီး နှစ်ဘက်ဆက်ဆံရေး အထူးသဖြင့် ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး တွန်းအားပေးမည်ဖြစ်ကြောင်းတရုတ်သတင်းဌာနမှ သတင်းအရသိရပါသည်။

ယခုနှစ်သည် မလေးရှားနှင့်အိန္ဒိယနိုင်ငံ သံတမန်ဆက်ဆံရေးထားရှိခဲ့သောနှစ် ၆၀ ပြည့်ဖြစ်ကြောင်း၊ မတ်လ ၃၀ ရက်နေ့မှ ပြီလ ၄ ရက်နေ့အထိ ဝန်ကြီးချုပ်နာဂျစ်ဘ်သည် အိန္ဒိယနိုင်ငံ၌ ၆ ရက်ကြာ ခရီးလှည့်လည်ခဲ့ကြောင်းသိရပါသည်။

 

   Webradio