• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှား စိန်ပီတာစဘတ်မြို့ မြေအောက်ရထား ဗုံးဖောက်ခွဲမှုအတွက် ရုရှားသမ္မတ ပူတင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာ ရှီကျင့်ဖိန် ပေးပို့

(GMT+08:00) 2017-04-05 11:04:16

        တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၄ ရက်နေ့က ရုရှားနိုင်ငံ စိန်ပီတာဘာမြို့ မြေအောက်ရထားတွင် ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုကြောင့် သေကြေဒဏ်ရာရရှိမှုနှင့်ပတ်သက်ပြီး ရုရှားသမ္မတ ပူတင်ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ရှီကျင့်ဖိန်က တရုတ်ပြည်ဘက်သည် ယင်း အကြမ်းဖက်တိုက်ခိုက်မှုကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း၊ မိမိသည် တရုတ်အစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား ယင်းဖောက်ခွဲမှုကြောင့် သေဆုံးသူများအပေါ် ဝမ်းနည်းကြောင်းဖော်ပြပြီး ဒဏ်ရာရရှိသူများနှင့် သေဆုံးသူ၏ ကျန်ရစ်သူမိသားစုများအား နှစ်သိမ့်ကြောင်း ဖော်ပြသည်။

   Webradio