• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်မှ ကမ္ဘောဒီးယားအား ကူညီဆောက်လုပ်သော အားကစားကွင်း စတင်ဆောက်လုပ်

(GMT+08:00) 2017-04-05 10:57:49

      တရုတ်အစိုးရမှ ကမ္ဘောဒီးယားအား ထောက်ပံ့ကူညီဆောက်လုပ်သော နိုင်ငံတော် အားကစားကွင်းသစ် စတင်ဆောက်လုပ်ရေးအခမ်းအနားကို ယခုလ ၄ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ပနွမ်းပင်မြို့တော်အရှေ့ မြောက်ပိုင်းတွင် ကျင်းပခဲ့ရာ၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟုန်ဆန်၊ ကမ္ဘောဒီးယားဆိုင်ရာ တရုတ်သံအမတ်ကြီး ရွှန်ဘိုး၊ ကမ္ဘောဒီးယား အစိုးရအရာရှိများ၊ အားကစားမောင်မယ်များနှင့် ကျောင်းသူကျောင်းသားကိုယ်စားလှယ် များတက်ရောက်ခဲ့ကြ ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

ယင်းအားကစားကွင်းဆောက်လုပ်ပြီးလျှင်၊ ၂၀၂၃ခုနှစ် အရှေ့တောင်အာရှ အားကစား ပွဲတော်၏ အဓိကကျင်းပရာနေရာဖြစ်သွားမည်ဟု သိရသည်။

   Webradio