• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာနိုင်ငံတော်သမ္မတဦးထင်ကျော်တရုတ်နိုင်ငံ ပီကင်းမြို့သို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်မည်

(GMT+08:00) 2017-04-04 12:05:18

            

    တရုတ်နိုင်ငံတော်ဥက္ကဌ ရှီကျင့်ဖိန်ရဲ့ဖိတ်ကြားချက်အရ မြန်မာနိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဧပြီလ(၆)ရက်နေ့မှ (၁၁)နေ့အထိ တရုတ်နိုင်ငံသို့ တရားဝင် ချစ်ကြည် ရေးခရီး လာရောက်မည် ဖြစ်ကြောင်းသိရပါသည်။                  မြန်မာနိုင်ငံတော်သမ္မတဦးထင်ကျော် ၏ ခရီးစဉ်နှင့်ပတ်သက်ပြီး " ဒီခရီးစဉ်မှာ တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံတို့သည် One Belt and One Road စီမံကိန်းရဲ့အစိတ်အပိုင်းအခြေအနေများ၊ မြစ်ဆုံဆည်ကိစ္စနှင့် နှစ်နိုင်ငံနယ်စပ်ပြဿနာများ ဖြေရှင်းရေး စသည့် အကြောင်းအရာများကို ဆွေးနွေးနိုင်ဖွယ်ရှိတယ်လို့" မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ)က သုံးသပ်ထားပါသည်။ အဆိုပါခရီးစဉ်သည် အနိုင်ရပါတီ (NLD)အစိုးရသစ်တက်ပြီး နောက်ပိုင်း သမ္မတတစ်ဦးအနေနဲ့ ပထမဆုံးလာရောက်သည့်ခရီးလည်းဖြစ်ပါသည်။   

   Webradio