• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆီးရီးယားဆိုင်ရာ မဟာဗျူဟာစာတမ်းကို ဥရောပသမဂ္ဂ အတည်ပြု

(GMT+08:00) 2017-04-04 08:51:00

ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ယခုလ ၃ ရက်နေ့က ဘရပ်ဆဲမြို့၌ ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ် အစည်းအဝေးတွင် ဆီးရီးယားဆိုင်ရာ မဟာဗျူဟာစာတမ်းကို ထုတ်ပြန်သည့်အပြင် ဆီးရီးယား အငြင်းပွါးရာ ဘက်အသီးသီးတို့ အနေနှင့် အငြင်းပွါးမှုကို အဆုံးသတ်ပြီး လူသားချင်း စားနာထောက်ထားမှု ကယ်ဆယ်ရေး အတွက် ဖြတ်လမ်း ဖန်တီးပေးရန်လည်း ပန်ကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဥရောပသမဂ္ဂ၏ ဆီးရီးယား၌ မဟာဗျူဟာ ရည်မှန်းချက်များတွင် နိုင်ငံရေး ကူးပြောင်းခြင်း နည်းလမ်းဖြင့် ငြိမ်းချမ်းရေး ရရှိစေရန်၊ လူသားချင်း စာနာထောက်ထားမှု ကယ်ဆယ်ရေးများ အချိန်မီ ဆောင်ရွက်ပေးရန် စသဖြင့် ပါဝင်ကြောင်း အထက်ပါ မဟာဗျူဟာစာတမ်းတွင် ရေးသားဖေါ်ပြထားသည်။

   Webradio