• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှား မြေအောက်ရထား ဗုံးဖေါက်ခွဲမှုကို ကုလ ပြစ်တင်ရှုတ်ချ

(GMT+08:00) 2017-04-04 08:22:39

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ယခုလ ၃ ရက်နေ့က မီဒီယာ ကြေညာချက် ထုတ်ပြန်ပြီး ယင်းနေ့၌ ရုရှားနိုင်ငံ စိန်ပီတာဘတ်မြို့ မြေအောက်ရထား၌ ဖြစ်ပွါးခဲ့သော ဗုံးဖေါက်ခွဲမှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး ဗုံးဖေါက်ခွဲမှု ပြုလုပ်သူများကို အရေးယူရန် လှုံ့ဆော်တိုက်တွန်းခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဒေသစံတော်ချိန် ၃ ရက်နေ့ ညနေ ၂ နာရီ မိနစ် ၄၀ ခန့်တွင် စိန်ပီတာဘတ်မြို့ မြေအောက်ရထား ဘူတာ နှစ်ခု ကြား၌ ဗုံးဖေါက်ခွဲမှု ဖြစ်ပွါးခဲ့ကြောင်း၊ ရုရှား နိုင်ငံတော် အကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတီမှ နောက်ဆုံး စာရင်းအရ၊ ဗုံးဖေါက်ခွဲမှုတွင် လူ ၁၁ ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။

   Webradio