• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အမေရိကန် ထိပ်သီး တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်၍ သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း ပြောကြား

(GMT+08:00) 2017-04-03 16:15:38

အမေရိကန် သမ္မတ ထရမ့်၏ ဖိတ်ကြားချက်အရ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဧပြီလ ၆ရက်နေ့မှ ၇ရက်နေ့အထိ အမေရိကန် နိုင်ငံတွင် ခရီးလှည့်လည်ပြီး ဖလောရီဒါ ပြည်နယ်၌ သမ္မတ ထရမ့်နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယင်းနှင့် ပတ်သက်၍ သြစတြေးလျ နိုင်ငံ ဝန်ကြီးချုပ်ဟောင်း kevin Ruddက နယူးယောက်မြို့တွင် စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့သည် ထရမ့် သမ္မတ အဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့သည့် ရက်ပေါင်း ၁၀၀အတွင်း တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ခြင်းမှာ အချိန်ကာလသစ်တွင် ရှိနေသော တရုတ်-အမေရိကန် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်ကို ချမှတ်ရေး အတွက်ရော၊ နှစ်နိုင်ငံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးရေး အတွက်ပါ ကောင်းမွန်သော အခြေအနေ ဖန်တီးပေးနေကြောင်းလည်း ပြောကြားသည်။

 

 

 

   Webradio