• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်၏ ရင်းနှီးငွေ၊ ဈေးကွက်နှင့် ဖင်လန်နိုင်ငံ၏ နည်းပညာဖြင့် နှစ်နိုင်ငံ အကြား တမူထူးခြားသော ပူးပေါင်းဆောင်ရွက်ရေး ပုံစံ တည်ဆောက်ဟု ဖင်လန်ရှိ တရုတ် ကုမ္ပဏီဆို

(GMT+08:00) 2017-04-03 16:13:19

ဖင်လန်နိုင်ငံ သမ္မတ နီးနီစတို၏ ဖိတ်ကြားချက်အရ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဧပြီလ ၄ရက်နေ့မှ ၆ရက်နေ့အထိ ဖင်လန် နိုင်ငံတွင် တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း၊ ၄င်းခရီးစဉ်တွင် နှစ်နိုင်ငံသည် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ဆွေးနွေးမည် ဖြစ်ကြောင်း စီအာအိုင်မှ သတင်းအရ သိရသည်။

ယင်းနှင့် ပတ်သက်၍ ဖင်လန်နိုင်ငံဆိုင်ရာ တရုတ်ပြည် ကျုံးကွမ်းဆွန်း ဖွံ့ဖြိုးတိုး တက်ရေးကော်ပိုရေးရှင်း အုပ်စု၏ ရုံးဌာန ဒါရိုက်တာချုပ် ကျူးဇီချီက တရုတ်နှင့် ဖင်လန် နှစ်နိုင်ငံ၏ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် အားသာချက်ဆိုင်ရာ အပြန်အလှန် ဖြည့်ဆည်းခြင်း ရှိကြောင်း၊ တရုတ်ပြည်သည် ရင်းနှီးငွေနှင့် ဈေးကွက် ရှိကြောင်း၊ ဖင်လန်သည် နည်းပညာ ရှိကြောင်း၊ တရုတ်ပြည်၏ ရင်းနှီးငွေ၊ ဈေးကွက်နှင့် ဖင်လန်၏ နည်းပညာတို့ ပေါင်းစပ်ပြီးတော့ လုပ်ငန်းဖြစ်ထွန်းမှုကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

 

 

 

 

   Webradio