• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖင်လန် မီဒီယာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ဆောင်းပါး ရေးသားဖော်ပြ

(GMT+08:00) 2017-04-03 16:10:32

ဖင်လန်သမ္မတနိုင်ငံတွင် တရားဝင် ခရီးလှည့်လည်ရန် ခရီးမသွားခင် ဧပြီလ ၃ရက်နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖင်လန် နိုင်ငံ Helsingin Sanomat သတင်းစာတွင် "သမိုင်းကြောင်းကို ဖြတ်ကျော်သော ချစ်ကြည်ရေး"ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို ရေးသားဖော်ပြသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းဆောင်းပါးတွင် တရုတ်နှင့် ဖင်လန်နှစ်နိုင်ငံတို့ အကြား ချစ်ခင်ရင်းနှီးသော သံယောဇဉ် အပြန်အလှန် ထားရှိကြောင်း၊ ဖင်လန်နိုင်ငံသည် တရုတ်ပြည်နှင့် သံတမန် ဆက်ဆံမှု စောလျင်စွာ ထားရှိခဲ့သော အနောက်နိုင်ငံများ အနက် တစ်နိုင်ငံ အပါအဝင် ဖြစ်သလို တရုတ်ပြည်နှင့် အစိုးရချင်း ကုန်သွယ်ရေး သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့သော ပထမဆုံး အနောက်နိုင်ငံလည်း ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နှစ်နိုင်ငံတို့သည် အနာ ဂတ်ကိုရှေ့ရှုသော ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုသစ်ကို တက်ကြွစွာ တည် ဆောက်နေကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံမှုသည် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်ကောင်း ရှိကြောင်း၊ တရုတ်ပြည် အနေနှင့် မဟာဗျူဟာ အမြင်နှင့် ရေရှည်ရှုထောင့်မှနေ တရုတ်-ဖင်လန် ဆက်ဆံရေးကို တလျှောက်လုံး ရှုမြင်ထားပြီး အပြန်အလှန် လေးစားရေး၊ တန်းတူရည်တူ ပေါင်းသင်းဆက်ဆံရေးနှင့် အပြန်အလှန် အကျိုးရှိစေသည့် ပူးပေါင်းဆောင်ရွက်ရေးဖြင့် အတူ ဖွံ့ဖြိုးတိုးတက်မှု ရှာကြံရေး မူများကို စွဲကိုင်ထားကြောင်း၊ တရုတ်နှင့် ဖင်လန် နှစ်နိုင်ငံတို့ အကြား စီးပွားရေး အားသာချက်များတွင် အပြန်အလှန် ဖြည့်ဆည်းမှု ရှိကြောင်း၊ နှစ်နိုင်ငံအကြား ဝန်ထမ်းများ ကူးလူးဖလှယ်မှုလည်း နွေးထွေးကြောင်း၊ ယခုအကြိမ် ဖင်လန် ခရီးစဉ်သည် မိမိ အနေနှင့် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သည့် နောက်ပိုင်း မြောက်ဥရောပတွင် ပထမဆုံး အကြိမ် ခရီးလှည့် လည်ခြင်း ဖြစ်ကြောင်း၊ တရုတ်နှင့် မြောက်ဥရောပ အကြားရှိ နွေးထွေးသော ဆက်ဆံမှု သည် ဥရောပ၏ စည်ပင်သာယာရေး အတွက်ရော၊ တရုတ်-ဥရောပ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပါ အကျိုးပြု စွမ်းဆောင်ပေးနိုင်မည်ဟု မိမိယုံကြည်ကြောင်း ရေးသားဖော်ပြသည်။

   Webradio