• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် ပထမ၃လပတ်တွင် တောင်ဆူဒန် ဒုက္ခသည်များ ၆သောင်းကျော် ဆူဒန်သို့ ဝင်ရောက်

(GMT+08:00) 2017-04-03 11:26:15

ဆူဒန်ဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး ညှိနှိုင်းမှုရုံးမှ ဧပြီလ ၂ရက်နေ့က ထုတ်ပြန်သော စာရင်းအရ ၂၀၁၇ခုနှစ် ပထမ၃လပတ်တွင် အငတ်ဘေး နှင့် စစ်ဘေးဒုက္ခများကို ရှောင်ရှားရန်အတွက် တောင်ဆူဒန် ဒုက္ခသည်များ ၆သောင်းကျော်သည် ဆူဒန်အနောက်ပိုင်း နှင့် တောင်ပိုင်းဒေသသို့ တိမ်းရှောင် ထွက်ခွါနေပြီးဟု သိရကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

ယင်းသည် တောင်ဆူဒန်အခြေအနေ ဆက်တိုက် ဆိုးရွားနေပြီဆိုသည်ကို ပြဆိုကြောင်း၊ ယခုတလောတွင် ဆူဒန်သို့ အသစ်ရောက်လာသော ဒုက္ခသည်ဦးရေသည် ဆက်တိုက် တိုးများနိုင်ဖွယ်ရာရှိမည်ဟု ခန့်မှန်းကြောင်း၊ သိရပါသည်။

   Webradio