• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်လုပ်ငန်းကုမ္ပဏီအသင်းသည်၊ ရက်ကန်း​လုပ်ငန်းအဖွဲ့ မြန်မာတွင် တည်ထောင်

(GMT+08:00) 2017-04-03 10:58:00

     မြန်မာနိုင်ငံ တရုတ်လုပ်ငန်းကုမ္ပဏီများအသင်းသည်၊ ယခုလ ၂ ရက်နေ့က ရန်ကုန်မြို့ တွင် နှစ်ပတ်လည်အစည်းအဝေးကျင်းပခဲ့ရာ၊ ရက်ကန်းလုပ်ငန်းအဖွဲ့ကို တည်ထောင် ခဲ့ကြောင်း၊ ယင်းသည်၊ တရုတ်လုပ်ငန်းကုမ္ပဏီများအနေနှင့်၊ မြန်မာနိုင်ငံတွင် ထားရှိသည့် ပထမဆုံးသော လုပ်ငန်းဆိုင်ရာပူးတွဲအဖွဲ့အစည်းဖြစ်ပြီး၊ ရည်ရွယ်ချက်မှာ မြန်မာပြည်ရှိ ရက်ကန်းလုပ်ငန်းများ၏ ဦးစီးလုပ်ကိုင်ရေးလှုပ်ရှားမှုများကို စနစ်တကျဖြစ်စေပြီး၊ ကိုယ့်ကိုယ်ကိုယ် အကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းကာကွယ်သွားရန် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

 မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန့်သည်၊ အစည်းအဝေးသို့ တက် ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ရာ၊ တရုတ်လုပ်ငန်းကုမ္ပဏီများအနေနှင့်၊ အသင်းစည်းမျဉ်း များကို လိုက်နာပြီး အဖွဲ့အစည်းတည်ဆောက်ရေးကို အဆက်မပြတ်အားဖြည့်ဆောင်ရွက် ကာ၊ အကျိုးပြုစွမ်းဆောင်ရည်ကို ပြီးပြည့်စုံနိုင်ရန်မျှော်လင့်ပါကြောင်းပြောကြားခဲ့သည်ဟု သိရသည်။

   Webradio