• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံ တည်ထောင်ခဲ့သည့် နှစ်၅၀ပြည့်မြောက်နှစ် နိုင်ငံတကာ နှီးနှောဖလှယ်ပွဲ ကျင်းပ

(GMT+08:00) 2017-03-31 15:26:04

အာဆီယံ တည်ထောင်ခဲ့သည့် နှစ်၅၀ပြည့်မြောက်ခြင်းကို အထိမ်းအမှတ်ပြုသည့် အနေဖြင့် တရုတ်-အာဆီယံ စင်တာနှင့် တရုတ်ပြည် နိုင်ငံတကာရေးရာ သုတေသန အကယ်ဒမီတို့သည် မတ်လ ၃၀ရက်နေ့မှ ၃၁ရက်နေ့အထိ ပီကင်းတွင် "အစပျိုးလိုက် ခြင်းသစ်၊ အခွင့်အခါသစ်" ဟူသော ဆောင်ပုဒ်ဖြင့် နိုင်ငံတကာ နှီးနှောဖလှယ်ပွဲကို  ပူးတွဲ ကျင်းပနေကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုအကြိမ် နှီးနှောဖလှယ်ပွဲ၏ ရည်ရွယ်ချက်မှာ နယ်ပယ်အသီးသီးတွင် တရုတ်နှင့် အာဆီယံ အကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး တွန်းအား ပေးရန်ဖြစ်ကြောင်း သိရသည်။

တရုတ်-အာဆီယံ စင်တာ အတွင်းရေးမှူးချုပ် ယန်လိဖိန်က ယင်းနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ၁၉၉၁ခုနှစ် တရုတ်နှင့် အာဆီယံ အကြား ဆွေးနွေးဖက် ဆက်ဆံမှု ထားရှိခဲ့သည့် နောက်ပိုင်းတွင် နှစ်ဖက်အကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု တစ်နေ့တခြား နက်ရိုင်းလာပြီး လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုများကို ဇောက်ချပြုလုပ်ကာ ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဖလှယ်မှု ပိုမိုနွေးထွေး လာကြောင်း၊ တရုတ်-အာဆီယံ ဆက်ဆံမှုသည် အာဆီယံ၏ ဆွေးနွေးဖက် ဆက်ဆံမှုများ တွင် ရှင်သန်မှု အများဆုံး ဆက်ဆံမှု ဖြစ်လာပြီး နှစ်ဖက် ပြည်သူများ အတွက် အကျိုးများကို လက်တွေ့ဆောင်ကြဉ်းလာကြောင်း၊ နှစ်ဖက်တို့သည် ပွင့်လင်းမှု၊ သက်ညှာထောက်ထားမှု၊ အပြန်အလှန် အကျိုးရှိစေရေးနှင့် win-win သဘောခံယူချက်များကို ဆက်လက် စွဲကိုင်ပြီး အခွင့်အခါကောင်းကို လက်မလွှတ်ဘဲ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းကာ အာဆီယံ စီးပွားရေး အသိုက်အဝန်းနှင့် One Belt and Roadအဆိုပြုချက် အကြား ညီညွတ်စေရေးကို အားဖြည့်ဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွားများကို တိုးပွားစေပြီး အတူဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်းလည်း ပြောကြားသည်။

   Webradio