• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အမေရိကန် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခြင်းသည် နှစ်နိုင်ငံ ဆက်ဆံမှု၏ အနာဂတ် ဦးတည်ချက်ကို ချမှတ်နိုင်မည်

(GMT+08:00) 2017-03-31 10:00:37

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အမေရိကန် သမ္မတ ထရန့်၏ ဖိတ်ကြားချက်အရ ဒေသစံတော်ချိန် ဧပြီလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ် မာရာလာဂို ဥယျာဉ်ခြံမြေ၌ ထရန့်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

အမေရိကန် အိမ်ဖြူတော်သည် ဒေသစံတော်ချိန် မတ်လ ၃၀ ရက်နေ့ စောစောပိုင်းက ကြေညာချက် ထုတ်ပြန်ပြီး၊ နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် နှစ်ဖက်စလုံး အရေးထားကြသော နိုင်ငံတကာနှင့် ဒေသရေးရာ၊ နှစ်နိုင်ငံအကြား ကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။

နာမည်ကျော် တရုတ်ရေးရာ ကျွမ်းကျင်ပညာရှင်၊ အမေရိကန် ဘရူးကင်စ် အသင်း သန်တွန် တရုတ်ရေးရာစင်တာ ဥက္ကဋ္ဌ လီချင်က၊ မျက်မှောက်ကာလ၌ ကမ္ဘာကြီးသည် အရေးကြီး စိန်ခေါ်မှုများကို ရင်ဆိုင် နေရလျက် ရှိပြီး တရုတ်နှင့် အမေရိကန်တို့သည် လက်တွဲ ပူးပေါင်းဆောင်ရွက် မှသာ ကမ္ဘာကြီးကို ဦးဆောင်ပြီး ယင်း စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်း နိုင်မည် ဖြစ်ကြောင်း၊ ကမ္ဘာ့ အကြီးဆုံးနှင့် ဒုတိယ အကြီးဆုံး စီးပွါးရေး အုပ်စု အဖြစ် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် ထရန့်အစိုးရ အာဏာ ကျင့်သုံး ခါစ၌ပင် တွေ့ဆုံပွဲ ကျင်းပခြင်းသည် ဝမ်းမြောက်ဖွယ်ရာ ကိစ္စတစ်ရပ် ဖြစ်ကြောင်း၊ ကျင်းပ တော့မည့် တွေ့ဆုံဆွေးနွေးပွဲသည် နှစ်နိုင်ငံ ဆက်ဆံမှု၏ အနာဂတ် ဦးတည်ချက်ကို ချမှတ်နိုင်မည်ဟု မိမိ ယူဆကြောင်း ပြောကြားပါသည်။

   Webradio