• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ငွေကြေးအရ ကုန်ထုတ်လုပ်မှုကို ထောက်ခံမည်

(GMT+08:00) 2017-03-29 10:15:50

တရုတ်ပြည်သူ့ဘဏ်၊ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနတို့သည် မကြာမီက ငွေကြေးနယ်ပယ်အရ ကုန်ထုတ်လုပ်မှု အင်အား တောင့်တင်းသောနိုင်ငံ ဖြစ်အောင် ထူထောင်ရေးကို ထောက်ခံခြင်း လမ်းညွှန်စာတမ်းကို ထုတ်ပြန်ခဲ့ပါသည်။

ကုန်ထုတ်လုပ်မှု အဆင့်မြှင့်တင်ရေးကို တွန်းအားပေးရန် အတွက် ၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံသည် - တရုတ်ကုန်ထုတ်လုပ်မှု ၂၀၂၅- အမည် ဖြစ်သည့် ကုန်ထုတ်လုပ်မှု အင်အား တောင့်တင်းသောနိုင်ငံ ဖြစ်အောင် ထူထောင်ရေး ပထမ ဆယ်နှစ်တာ လုပ်ငန်းစဉ်ကို ချမှတ်ခဲ့သည်။

တရုတ်နိုင်ငံတော် ကုန်ထုတ်လုပ်မှု အင်အားတောင့်တင်းသောနိုင်ငံ အဖြစ် ထူထောင်ရေး မဟာဗျူဟာ အကြံပေးကော်မတီဝင်၊ တရုတ် အင်ဂျင်နီယံ အသင်းကြီးမှ အသင်းဝင် မစ္စတာ လီပိုဟူက၊ လက်ရှိအချိန်တွင် တရုတ် ကုန်ထုတ်လုပ်မှု လုပ်ငန်းသည် ဆန်းသစ်တီထွင်ရေး၊ ဒစ်ဂျစ်တယ်၊ အင်တာနက်၊ စမတ် ကဏ္ဍစုံ ဖြစ်အောင် အဆင့် မြှင့်တင် နေသဖြင့် အဆောက်အအုံ အမြောက်အများ ဆန်းသစ် အဆင့်မြှင့်တင်ရန် လိုအပ်ပါကြောင်း၊ အိမ်ခြံမြေ အပါအဝင် အခြား လုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက ကုန်ထုတ်လုပ်မှု၏ အစွန်းအမြတ်သည် မမြင့်ပါကြောင်း၊ လက်ရှိအချိန်တွင် အကြီးစား လုပ်ငန်းကုမ္ပဏီများ ဖြစ်စေ အသေးစားနှင့် အလတ်သား လုပ်ငန်းကုမ္ပဏီများ ဖြစ်စေ ငွေရင်း ရရှိရန် အသင့်အတင့် ခက်ခဲပါကြောင်း၊ ထို့ကြောင့် ငွေကြေးအရ ကုန်ထုတ်လုပ်မှုကို ဦးစားပေး ထောက်ခံခြင်းသည် လွန်စွာ လိုအပ်ပါကြောင်း၊ ယင်းသည် တရုတ် နိုင်ငံက နိုင်ငံကြီး အဖြစ်မှနေ အင်အားတောင့်တင်းသောနိုင်ငံ အဖြစ် ပြောင်းလဲရန် အရေးကြီး အခြေခံပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio