• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှားနိုင်ငံအား ကန်နှင့် ဥရောပသမဂ္ဂတို့၏အရေးယူမှုကို အမြန်ဆုံး ဖျက်သိမ်းရန် အီတလီ မျှော်လင့်

(GMT+08:00) 2017-03-28 10:59:30

       ရုရှားဒုဝန်ကြီးချုပ် အာကာဒီ-ဒဗိုကိုဗီခ်ျ၊ နိုင်ငံခြားရေးဝန်ကြီး လာဗရိုဖှ်တို့နှင့်  ရုရှားနိုင်ငံတွင် အလည်အပတ်ရောက်ရှိနေသော အီတလီနိုင်ငံခြားရေးဝန်ကြီး အယ်ဖာနိုတို့သည် ယခုလ ၂၇ရက်နေ့က အသီးသီး တွေ့ဆုံဆွေးနွေးခဲ့ရာတွင် အယ်ဖာနိုက အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ရုရှားနိုင်ငံအပေါ် အရေးယူမှုကို အမြန်ဆုံး ဖျက်သိမ်းပေးနိုင်ရန်နှင့် ရုရှားနိုင်ငံအနေနှင့် ဂျီ-၈ အုပ်စုတွင် ပြန်လည်ပါဝင်လာနိုင်ရန် အီတလီဘက်က မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        အယ်ဖာနိုက နိုင်ငံတကာအကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းရာတွင် ရုရှားနိုင်ငံသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ခြင်းကြောင့် ရုရှားနိုင်ငံနှင့် ဆွေးနွေးရန် လိုအပ်ကြောင်း ရုရှားမီဒီယာများအား ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

   Webradio