• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆီးရီးယားပြဿနာဆိုင်ရာ ဂူတယ်ရက်စ် ပန်ကြား

(GMT+08:00) 2017-03-28 10:17:56

      ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဟာ့ခ်က၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတယ်ရက်စ်သည်၊ သက်ဆိုင်ရာ ဘက်အသီးသီးတို့အနေနှင့်၊ ဆီးရီးယားပြဿနာဆိုင်ရာ ဂျီနီဗါငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲအောင်မြင်ဖို့ အာမခံပေးကြ ရန် ပန်ကြားခဲ့ကြောင်း ၂၇ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ကုလသမဂ္ဂမှ ဖြန်ဖြေပေးသည့် ဆီးရီးယားငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲအသစ်ကို ၂၄ ရက်နေ့က ဂျီနီဗါ၌ တရားဝင်စတင်ခဲ့ပြီး၊ ယင်းမှာ ဆီးရီးယားအစိုးရနှင့်အတိုက်အခံအဖွဲ့ ကိုယ်စားလှယ်များက ဂျီနီဗါ၌ ကျင်းပသည့် ၅ ကြိမ်မြောက် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲ ဖြစ်သည်ဟု သိရသည်။

   Webradio