• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၆ ခုနှစ် တရုတ် မူးယစ်ဆေးဝါး အခြေအနေ အစီရင်ခံစာ ထုတ်ပြန်

(GMT+08:00) 2017-03-28 09:42:44

တရုတ် နိုင်ငံတော် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီသည် ၂၀၁၆ ခုနှစ် တရုတ်ပြည် မူးယစ်ဆေးဝါး အခြေအနေ အစီရင်ခံစာကို ယခုလ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ယင်း အစီရင်ခံစာတွင်၊ ၂၀၁၆ ခုနှစ်တွင် တရုတ်ပြည် မူးယစ်ဆေးဝါး သုံးစွဲသူ စုစုပေါင်း ဦးရေသည် တဖြည်းဖြည်း တိုးများလျက် ရှိနေသေးကြောင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဌာနများသည် မူးယစ်ဆေးဝါးဆိုင်ရာ ရာဇဝတ်မှု စုစုပေါင်း ၁ သိန်း ၄ သောင်းကျော်ကို ဖေါ်ထုတ်နိုင်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါး ပျံ့နှံ့မှု အရှိန်ကို ထိန်းလို့ရသော်လည်း မူးယစ်ဆေးဝါး အခြေအနေသည် ပြင်းထန်၊ ရှုပ်ထွေးလျက် ဖြစ်နေသေးကြောင်း ရေးသားဖေါ်ပြထားပါသည်။

ယင်းအစီရင်ခံစာတွင်၊ ၂၀၁၆ ခုနှစ်တွင် တရုတ်ပြည် လူငယ် ဘိန်းစွဲသူ ဦးရေ လျော့နည်းလာရန်အရှိန် ပေါ်လာပြီ ဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်တွင် အသက် ၃၅ နှစ်အောက် ဘိန်းစွဲသူ ဦးရေသည် ၂၀၁၅ ခုနှစ်ကထက် ၄့ ၁ ရာခိုင်နှုန်း လျော့နည်းလာပြီး ယင်းတို့အနက် အသစ် တွေ့ရှိရသော အသက် ၃၅ နှစ်အောက် ဘိန်းစွဲသူ ဦးရေသည် ၂၀၁၅ ခုနှစ်ကထက် ၁၉ ရာခိုင်နှုန်း လျော့နည်းလာကြောင်းဖေါ်ပြထားပါသည်။

တရုတ် နိုင်ငံတော် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးရုံး ဥက္ကဋ္ဌ လျူယွဲ့ကျင့်က၊ အင်တာနက်မှတစ်ဆင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရေးနည်းပညာ သင်ကြားခြင်း၊ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်ခြင်းနှင့် အစုလိုက် မူးယစ်ဆေးဝါး သုံးစွဲခြင်း စသည့် ပြဿနာများ တစ်နေ့ထက်တစ်နေ့ ပြင်းထန်လာနေကြောင်း၊ တစ်ပြည်လုံး၌ အင်တာနက် မူးယစ်ဆေးဝါး ပြစ်မှုကျူးလွန်သူ ၁ သောင်း ၈ ထောင်ကျော်နှင့် မူးယစ်ဆေးဝါး ၆့ ၇ တန်ကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ မူးယစ်ဆေးဝါး ပြစ်မှုကျူးလွန်မှုနှင့် ပတ်သက်သော အင်တာနက် ဝက်ဘဆိုက် ၁၂၈ ကို ပိတ်ပစ်ခဲ့ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။

   Webradio