• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-နယူးဇီလန် ဝန်ကြီးချုပ်တို့သည် လွတ်လပ်သောကုန်သွယ်ရေးဇုန် အဆင့်မြှင့်တင်ခြင်းကို တွန်းအားပေး

(GMT+08:00) 2017-03-28 08:25:48

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် နယူးဇီလန်နိုင်ငံ၌ တရားဝင် ခရီးလှည့်လည် နေကြောင်း၊  ဒေသစံတော်ချိန် မတ်လ ၂၇ ရက်နေ့က တရုတ်နှင့် နယူးဇီလန် ဝန်ကြီးချုပ်တို့သည် တရုတ်-နယူးဇီလန် လွတ်လပ်သောကုန်သွယ်ရေးဇုန် သဘောတူစာချုပ် ဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲကို စတင်ကျင်းပမည်ဟု ကြေညာခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်နှင့် နယူးဇီလန် ဝန်ကြီးချုပ် အင်ဂ်လျစ်ရှ်တို့သည် ဝန်ကြီးချုပ်ရုံး၌ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပြီးနောက် ပူးတွဲ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ကြသည်။ လီခေ့ချန်က၊ တရုတ်-နယူးဇီလန် လွတ်လပ်သောကုန်သွယ်ရေးဇုန် အဆင့်မြှင့်တင်ခြင်းသည် တရုတ်နှင့် ကမ္ဘာ့ ဖွံ့ဖြိုးပြီး စီးပွါးရေးအုပ်စုအကြား လွတ်လပ်သော ကုန်သွယ်ရေးဇုန် အဆင့်မြှင့်တင်ခြင်း ဖြစ်ကြောင်း၊ ယင်းသည် နှစ်ဖက် ကုန်သွယ်မှု တိုးတက်ရေးကို ထိရောက်စွာ တွန်းအားပေးမည့်အပြင် ဒေသနှင့် ကမ္ဘာကြီးအား နှစ်နိုင်ငံတို့၏ လွတ်လပ်သောကုန်သွယ်ရေး ထိန်းသိမ်းရန် ရပ်တည်ချက်ကိုလက် ပြသမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ဝန်ကြီးချုပ် နှစ်ဦး ရှေ့မှောက်၌ နှစ်နိုင်ငံ စီးပွါးကုန်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ အင်တာနက် ကူးသန်းရောင်းဝယ်ရေး၊ ပညာရေး၊ မူပိုင်ခွင့် ကာကွယ်ရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အပါအဝင် ပူးပေါင်းဆောင်ရွက်မှု စာချုပ် ၉ ရပ်ကို ချုပ်ဆိုခဲ့ကြောင်း၊ ယင်းတို့အနက် OBOR ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာလည်း ပါဝင်ကြောင်း သတင်းရရှိပါသည်။

   Webradio