• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ရှိသက်မွေးပညာနှင့်အဆင့်မြင့်ပညာရေးပြပွဲကို လာအိုတွင် ကျင်းပ

(GMT+08:00) 2017-03-27 13:50:42

၂၀၁၇ခုနှစ်တရုတ်ပြည်ရှိသက်မွေးပညာနှင့်အဆင့်မြင့်ပညာရေးပြပွဲကို မတ်လ၂၅ရက်နေ့က လာအိုနိုင်ငံဗီယင်ကျန်းမြို့ရှိ လျော်ဒူတရုတ်ဘာသာ သင်ကျောင်း၌ဖွင့်လှစ်ခဲ့ပြီး လာအိုနိုင်ငံပညာရေးနှင့်အားကစားဝန်ကြီးဌါနမှ အရာရှိများနှင့် ဒေသခံပညာရေးလောကမှ ကိုယ်စားလှယ်များသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

လာအိုနိုင်ငံပညာရေးနှင့်အားကစားဝန်ကြီး ကန်ပိုင် ဆီဆာဗန်က ဒေသခံဆရာဆရာမများ ၊ ကျောင်းသူကျောင်းသားများနှင့် ကျောင်းသားမိဘများသည် ၃ရက်ကြာ ပြုလုပ်မည့်ယခုအကြိမ် ပြပွဲကနေ တရုတ်ပြည်သို့ ပညာသင်သွားရောက်ရန် အချက်အလက်များကို ရရှိနိုင်မည်ဟုမျှော်လင့်ကြောင်း ထိုနေ့ကျင်းပသော ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio