• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ပိုအော် အာရှဖိုရမ် နှစ်ပတ်လည်အစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

(GMT+08:00) 2017-03-25 11:10:49

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၂၅ ရက်နေ့က ပိုအော် အာရှ ဖိုရမ် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့ ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ ပိုအော်အာရှဖိုရမ် တည်ထောင်ခဲ့သည့် ၁၆ နှစ်အတွင်း၊ အာရှ ရပ်တည်ချက်ဖြင့် ကမ္ဘာကြီးကို မျက်နှာမူကာ အာရှ သဘောတူညီမှု စုစည်းရေး၊ အာရှ ပူးပေါင်း ဆောင်ရွက်မှု တွန်းအားပေးရေးနှင့် အာရှ သြဇာညောင်းမှု မြင့်တင်စေရေး နယ်ပယ်များတွင် အရေးကြီး အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေခဲ့ကြောင်း ဖေါ်ပြထားပါသည်။

ရှီကျင့်ဖိန်က၊ ယခုနှစ် ပိုအော်အာရှဖိုရမ်၏ ဆောင်ပုဒ်သည် နိုင်ငံတကာ ဂလိုဘယ်လေဇေးရှင်းနှင့် လွတ်လပ်သောကုန်သွယ်ရေး၏ အနာဂတ် ဖြစ်ပြီး နိုင်ငံတကာ မိသားစုကြီး အထူးသဖြင့် အာရှ နိုင်ငံများသည် ကမ္ဘာ့စီးပွါးရေး ဂလိုဘယ်လေဇေးရှင်း အပေါ် အရေးထားမှုကို ပြသနေကြောင်း အလေးအနက် ဖေါ်ပြထားပါသည်။

   Webradio