• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် စစ်သင်္ဘော ဖိလစ်ပိုင်သို့ ခရီးလှည့်လည်ရေးကို ဆွေးနွေးနေ

(GMT+08:00) 2017-03-25 09:50:35

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယင်က၊ တရုတ်နိုင်ငံသည် စစ်သင်္ဘောများ ဖိလစ်ပိုင်သို့ ခရီးလှည့်လည်ရေးနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်နှင့် အမြင်ချင်း ကူးလူးဖလှယ်နေကြောင်း ၂၄ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ဟွာချွင်ယင်က၊ စစ်ရေး ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှု၏ အရေးကြီး အစိတ်အပိုင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio