• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ဆောင်ရွက်မှု ကြေညာစာတမ်းကို လိုက်နာသင့်ဟု ဖိလစ်ပိုင် ပညာရှင် ဆို

(GMT+08:00) 2017-03-25 08:54:13

ဖိလစ်ပိုင် ပညာရှင်များက၊ ဖိလစ်ပိုင် သမ္မတ ဒူတာတယ်၏ ထိုင်းခရီးစဉ်အတွင်း ဖေါ်ပြသော တောင်ပင်လယ်ဆိုင်ရာ သဘောထားကို ချီးကျူးပါကြောင်း၊ သက်ဆိုင်ရာ တို့သည် တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်မှု ကြေညာစာတမ်းကို ဘက်စုံ ထိရောက်စွာ လိုက်နာ ဆောင်ရွက်သင့်သည်ဟု ယူဆကြကြောင်း မကြာမီက ပြောကြားခဲ့ကြသည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

ထိုင်းခရီးစဉ်အတွင်း ဖိလစ်ပိုင်နှင့် ထိုင်း ခေါင်းဆောင်တို့သည် တောင်ပင်လယ် ဆိုင်ရာ ဆောင်ရွက်မှုမူ မူဘောင်ကို ယခုနှစ်အတွင်း ပြီးမြောက်နိုင်ရန် တွန်းအားပေးမည်ဟု ဂတိပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio