• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၆ခုနှစ် လူသားဖွံ့ဖြိုးရေးအစီရင်ခံစာကို ကုလထုတ်ပြန်

(GMT+08:00) 2017-03-22 10:49:27

        ကုလသမဂ္ဂ ဖွံ့ဖြိုးရေးနှင့် စီမံကိန်းအဖွဲ့က ယခုလ ၂၁ ရက်နေ့က ဆွီဒင်နိုင်ငံ တော့ဟုမ်းမြို့၌ ၂၀၁၆ခုနှစ် လူသားဖွံ့ဖြိုးရေးအစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ တကမ္ဘာလုံး ဦးစားပေး ဆောင်ရွက်မှုများတွင် အားနည်းလူအုပ်စု ပါဝင်မှု မရှိသေးကြောင်း ဖော်ပြသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        လွန်ခဲ့သည့် ၂၅ နှစ်အတွင်း လူသားဖွံ့ဖြိုးမှုတွင် အောင်မြင်မှုများစွာ ရရှိခဲ့သော်လည်း ယင်းအောင်မြင်မှုရလဒ်ကို မခံစားရသော လူများရှိသေးကြောင်း၊ လူသား ဆက်တိုက် ဖွံ့ဖြိုးမှုကို လူတိုင်း ခံစားစေနိုင်ရန်အတွက် အားနည်းလူအုပ်ကို အထူးသဖြင့် အာရုံစိုက်ရမည်ဖြစ်ကြောင်း "လူသားဖွံ့ဖြိုးမှုသည် အားလုံးအတွက် ဆောင်ရွက်ခြင်းဖြစ်သည်"ခေါင်းစဉ်ဖြစ်သည့် အဆိုပါ အစီရင်ခံစာတွင် ဖော်ပြသည်။

   Webradio