• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် သြစတြေးလျနှင့် နယူးဇီလန်သို့ ခရီးလှည့်လည်

(GMT+08:00) 2017-03-22 10:19:30

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၂၂ ရက်နေ့ကစပြီး သြစတြေးလျနှင့် နယူးဇီလန်၌ တရားဝင် ခရီးလှည့်လည်မည်။ ၂၁ ရက်နေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ကျင့်ဇေကွမ်က၊ တရုတ် နိုင်ငံသည် လီခေ့ချန်၏ ယခုအကြိမ် ခရီးစဉ်မှတစ်ဆင့် သုံးနိုင်ငံတို့သည် လွတ်လပ်စွာ ကုန်သွယ်ရေးနှင့် ကုန်သွယ်မှု အဆင်ပြေစေရေးကို တွန်းအားပေးနေကြောင်းနှင့် ကမ္ဘာ့ ငြိမ်းချမ်းတည်ငြိမ်မှုနှင့် စည်ပင်သာယာမှုကို တွန်းအားပေးနေကြောင်းကို အာရှ ပစိဖိတ်ဒေသနှင့် တစ်ကမ္ဘာလုံးအား အချက်ပြလိုကြောင်း ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ်ကစပြီး တရုတ်နိုင်ငံသည် သြစတြေးလျနိုင်ငံ၏ ပထမ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် အဖြစ် ၈ နှစ် ဆက်တိုက် ဖြစ်လာခဲ့သည်။ ၂၀၁၅ ခုနှစ်က တရုတ်-သြစတြေးလျ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူစာချုပ်ကို ဘက်စုံ အကောင်အထည် ဖေါ်ဆောင်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်တွင် နှစ်ဖက် ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀၇့ ၈ ဘီလီယံ ရှိပြီး နှစ်နိုင်ငံ သံအဆက်အသွယ် ထားရှိခဲ့သည့်နှစ်၏ အဆပေါင်း ၁၀၀၀ ဖြစ်သည်။ ယခုနှစ် ပထမ နှစ်လအတွင်း နှစ်ဖက် ကုန်သွယ်မှုပမာဏသည်လည်း လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၅၀ ရာခိုင်နှုန်းလောက် တိုးများလာပါသည်။

နယူးဇီလန် နိုင်ငံသည် တရုတ်နိုင်ငံ၏ လုံးဝ ဈေးကွက်စီးပွါးရေး အဆင့်နေရာကို ပထမဆုံး အသိအမှတ်ပြုသော နိုင်ငံ ဖြစ်ပြီး ပထမဆုံးသော တရုတ်နိုင်ငံနှင့် နှစ်ဖက် လွတ်လပ်စွာကုန်သွယ်ရေး စာချုပ်ကို ချုပ်ဆိုခဲ့သည့်နိုင်ငံ ဖြစ်သည်။ ထို့ပြင် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံရေးဘဏ်တွင် ပထမဆုံးပါဝင်ခဲ့သော အနောက် ဖွံ့ဖြိုးပြီး နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် တရုတ်-နယူးဇီလန် ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁့ ၉ ဘီလီယံ ရှိသည်ဟု သတင်းရရှိပါသည်။

   Webradio