• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ဖွံ့ဖြိုးရေး အဆင့်မြင့် ဖိုရမ် ကျင်းပ

(GMT+08:00) 2017-03-21 14:38:19

တရုတ် နိုင်ငံတော် ကောင်စီ ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေး စင်တာမှ ဦးစီးကျင်းပ သော"တရုတ် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြင့် ဖိုရမ် ၂၀၁၇ခုနှစ် နှစ်ပတ်လည် အစည်းအဝေး" သည် ယခုလ ၂၀ရက်နေ့က ပြီးဆုံးခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၂ရက်ကြာ ကျင်းပသည့် ယခုအကြိမ် ဖိုရမ် အစည်းအဝေးတွင် ဂလိုဘယ်လိုက် ဇေးရှင်းဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြောင်း၊ အစည်းအဝေးသို့ တက်ရောက်သူများက နိုင်ငံအားလုံးသည် ဂလိုဘယ်လိုက်ဇေးရှင်းမှ အကျိုးရရှိခံစားရမည် ဖြစ်ကြောင်း၊ အနာဂတ်တွင် အကျိုးစီးပွားများကို မည်သို့ ပိုမိုကောင်းမွန်စွာ မျှဝေခံစား မလဲကို သုံးသပ်ရန် လိုသည်ဟု ယူဆကြကြောင်း သိရသည်။

လက်ရှိ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် မရေရာမှုများ တိုးပွားလာသည့် အခြေအနေမျိုး၌ ဂလိုဘယ်လိုက်ဇေးရှင်းသည် တစ်ကမ္ဘာလုံးက နိုင်ငံရေးနှင့် စီးပွားရေး ကဏ္ဍတွေ၌ အာရုံစိုက်ကြသော အရေးကြီး ခေါင်းစဉ် ဖြစ်လာကြောင်း၊ ယခုအကြိမ် ဖိုရမ် အစည်းအဝေးတွင် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံရေးဘဏ် ဥက္ကဋ္ဌ ကျင်းလိချွန်က ၂၁ရာစုနှစ်၏ ဖွံ့ဖြိုးရေး ရှေ့အလားအလာမှာ အကျိုးစီးပွား အတူမျှဝေခံစား ရေးနှင့် ပိုမိုကောင်းမွန်သော ကမ္ဘာစီမံခန့်ခွဲရေး ဖြစ်ကြောင်း၊ သို့သော် ယင်းသည် မည်သည့် နိုင်ငံမဆို ၂၁ရာစု ဂလိုဘယ်လိုက်ဇေးရှင်းမှ အကျိုးရရှိမည်ဟု ပြော၍ မရသေးကြောင်း၊ အကျိုးရရှိရန် အတွက် ပြည်တွင်း ပြုပြင်ပြောင်းလဲမှု ပြုလုပ်ဖို့ လိုအပ်ကြောင်း၊ အကျိုးစီးပွား ရရှိခံစားခြင်း အခြေအနေ မတူခြားနားခြင်းသည် ဂလိုဘယ်လိုက်ဇေးရှင်း အခက်အခဲ အသင့်အတင့် ကြုံတွေ့နေရသည့် အကြောင်းရင်း ဖြစ်သည်ဟု မိမိယူဆကြောင်း ပြောကြားသည်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Jacob Lewသည် ကျင်းလိချွန်၏ အမြင်ကို သဘောတူသည်။ ၄င်းက နိုင်ငံအသီးသီး၏ ပြည်တွင်း မူဝါဒ မတူခြားနားမှုကြောင့် ကမ္ဘာပေါ်က နိုင်ငံများသည် ဂလိုဘယ်လိုက်ဇေးရှင်းက ဆောင်ကြဉ်းလာသော အကျိုးများ ကိုကောင်းမွန်စွာ အတူ မျှဝေခံစားနိုင်မှု မရှိကြောင်း ပြောကြားသည်။

   Webradio