• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်သမ္မတဒူတာတယ်သည် ထိုင်းသို့ ခရီးလှည့်လည်

(GMT+08:00) 2017-03-21 11:06:26

ဖိလစ်ပိုင်သမ္မတဒူတာတယ်သည် ၂၀ ရက်နေ့က ထိုင်းနိုင်ငံသို့ တရားဝင်စတင်ခရီး လှည့်လည်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံအစိုးရဘက်မှထုတ်ပြန်သောအစီအစဉ်အရ သမ္မတဒူတာတယ်က ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၀ မိနစ်တွင် ဘန်ကောက်မြို့တော် တိုမွမ်လေဆိပ်သို့ ရောက်ရှိရာ ထိုင်းနိုင်ငံ စီးပွါးရေးရေးရာတာဝန်ခံဒုဝန်ကြီးချုပ် စွန်ကစ်က လေဆိပ်၌ကြိုဆိုခဲ့ကြောင်း သိရပါသည်။

၎င်းခရီးစဉ်သည် သမ္မတဒူတာတယ်၏ အာဆီယံချစ်ကြည်ရေးခရီးစဉ်တွင် မြန်မှာနိုင်ငံ ပြီးနောက် ဒုတိယနိုင်ငံဖြစ်ကြောင်း၊ သမ္မတ ဒူတာတယ်က မကြာမီကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးဆွေးနွေးရန်အစီအစဉ်နှင့်ဒေသတွင်းရေးရာ၌ ထိုင်းနိုင်ငံ၏ အကြံများကို မေးမြန်းမည်ဖြစ်ကြောင်း သိရပါသည်။

   Webradio