• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မတ်လ ၂၉ ရက်နေ့မှစပြီး ဗြိတိန်နိုင်ငံ၏ ဥရောပသမဂ္ဂမှ ထွက်ခွာရေးအစီအစဉ်စတင်မည်

(GMT+08:00) 2017-03-21 10:33:12

       ဗြိတိန်ဝန်ကြီးချုပ် သက်ရေဆာ-မေက လစ္စဘွန်းသဘောတူစာချုပ် ပုဒ်မ ၅၀ကို စတင်ဖော်ဆောင်မည်ဟု ယခုလ ၂၉ ရက်နေ့တွင် တရားဝင်ကြေညာမည်ဖြစ်ကြောင်း၊ ယင်းသို့ဖြင့် ဗြိတိန်နိုင်ငံ၏ ဥရောပသမဂ္ဂမှ ထွက်ခွာရေး အစီအစဉ် စတင်မည်ဖြစ်ကြောင်း  ဗြိတိန်အစိုးရမှ ပြောရေးဆိုခွင့်ရှိသူက ယခုလ ၂၀ ရက်နေ့က မီဒီယာများအား ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ဗြိတိန်ဝန်ကြီးချုပ် သက်ရေဆာ-မေသည် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံထံသို့ စာပေးပို့ပြီး ဗြိတိန်နိုင်ငံ၏ ရောပသမဂ္ဂမှ ထွက်ခွာရေး အစီအစဉ် တရားဝင်ကြောင်းကို အကြောင်းကြားမည်ဖြစ်ကာ ဥရောပသမဂ္ဂနှင့် စေ့စပ်ဆွေးနွေးပွဲကို အမြန်ဆုံးကျင်းပနိုင်ရန် မျှော်လင့်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

   Webradio