• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် နျူကလီးယားလက်နက် ပိတ်ပင်ရေးစာချုပ် စေ့စပ်ဆွေးနွေးပွဲ တက်ရောက်မည် မဟုတ်

(GMT+08:00) 2017-03-21 09:51:06

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယင်က၊ ချင့်ချင့်ချိန်ချိန် လေ့လာပြီးနောက် တရုတ်နိုင်ငံသည် နယူးယောက်မြို့၌ ကျင်းပတော့မည့် နျူကလီးယား လက်နက် ပိတ်ပင်ရေး စာချုပ်ဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲ တက်ရောက်မည် မဟုတ်ဟု ဆုံးဖြတ်ကြောင်း ယခုလ ၂၀ ရက်နေ့က ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

ဟွာချွင်ယင်က၊ လောလောဆယ်တွင် တရုတ်နိုင်ငံသည် နျူကလီးယားလက်နက် ပိတ်ပင်ရေးစာချုပ်ဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတို့နှင့် ပွင့်လင်းပြီး နက်ရှိုင်းစွာ အမြင်ချင်း ကူးလူးဖလှယ်နေကြောင်း၊ တရုတ်နိုင်ငံသည် စေ့စပ်ဆွေးနွေးပွဲတွင် မပါဝင်ရန် ဆုံးဖြတ်ခြင်းသည် လက်ရှိ နိုင်ငံတကာ လက်နက် ထိန်းချုပ်ရေးနှင့် လက်နက် လျှော့ချရေးစနစ်ကို ထိန်းသိမ်းရန်နှင့် နျူကလီးယား လက်နက် လျှော့ချရေးကို စနစ်တကျ တွန်းအားပေးရေးမူကို စွဲကိုင်ရန်အတွက် ဖြစ်ပြီး တရုတ်နိုင်ငံ၏ နိုင်ငံတကာ မဟာဗျူဟာ ညီမျှရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် တာဝန်ကျေပြွန်စွာ ထမ်းဆောင်သော သဘောထားကို ပြဆိုနေကြောင်း ပြောကြားခဲ့ပါသည်။

   Webradio