• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဖွံ့ဖြိုးရေးအဆင့်မြင့်ဖိုရမ်သို့ ကျန်းကောလိတက်ရောက်

(GMT+08:00) 2017-03-20 15:21:00

       ၂၀၁၇ခုနှစ် တရုတ် ဖွံ့ဖြိုးရေး အဆင့်မြင့် ဖိုရမ် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယခုလ ၁၉ ရက်နေ့ နံနက်ပိုင်းက ပီကင်းမြို့၌ ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် ကျန်းကောလိ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ယခုအကြိမ် တရုတ် ဖွံ့ဖြိုးရေး အဆင့်မြင့်ဖိုရမ်ကို နိုင်ငံတော်ကောင်စီ ဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနဌာနက ဦးစီးကျင်းပခြင်းဖြစ်ကြောင်း၊ ယခုအကြိမ်ဖိုရမ်၏ ဆောင်ပုဒ်သည် တရုတ်နှင့်ကမ္ဘာ၊ စီးပွားရေးနှင့် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

   Webradio