• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဖိလစ်ပိုင်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ ဝမ်းယန်တက်ရောက်

(GMT+08:00) 2017-03-20 11:00:55

      တရုတ်-ဖိလစ်ပိုင်စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို မတ်လ၁၈ရက်နေ့ က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်၌ ကျင်းပခဲ့ရာ၊ တရုတ်နိုင်ငံတော်ကောင်စီ ဒု ဝန်ကြီးချုပ် ဝမ်းယန်က တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရသိ ရသည်။

ထိုသို့မိန့်ခွန်းပြောကြားခဲ့ရာ၌၊ ဝမ်းယန်က တရုတ်-ဖိလစ်ပိုင် သံတမန်ဆက်ဆံမှု ထားရှိခဲ့သည့် ၄၂ နှစ်ကြာသမိုင်းသည်၊ ကျွန်တော်တို့ကို ဥာဏ်ဖွင့်ပေးခဲ့ပြီး၊ အိမ်နီးချင်း ကောင်း၊ မိတ်ဆွေကောင်းနှင့် သူငယ်ချင်းကောင်းတို့ဖြစ်ခြင်းသည်၊ တစ်ခုတည်းသော ရွေးချယ်မှုဖြစ်ကြောင်းဖော်ပြခဲ့သည်ဟု သိရသည်။

   Webradio