• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယားအမျိုးသားသေဆုံးခြင်းနှင့်ပတ်သက်ပြီး မသင်္ကာသူများ ပိုမိုများစွာ တွေ့ရှိ

(GMT+08:00) 2017-03-20 10:53:20

မလေးရှားနိုင်ငံရဲချုပ်ဟာလီးဒ်က ရဲဘက်သည် မြောက်ကိုးရီးယားအမျိုးသား သေဆုံးမှုကို စုံစမ်းစစ်ဆေးရာတွင် ယခင်က ထုတ်ပြန်ခဲ့သော မသင်္ကာသူ၃၊၄ဦးအပြင် ပိုမိုများပြားသော လူများသည် ယင်းမှုခင်းနှင့်ပတ်သက်နေကြောင်း၊ ၄င်းအနက် အရေးကြီးပုဂ္ဂိုလ်ပါဝင်နေကြောင်း ယမန်နေ့ ၁၉ ရက်နေ့က ပြောကြားခဲ့သည် ဟုဆင်ဟွာသတင်းအရသိရသည်။

ဟာလီးဒ်သည် မာလက်ကာ၌ လှုပ်ရှားမှုအခမ်းအနားတစ်ခုသို့ တစ်ခုတက်ရောက်ရာတွင် မသင်္ကာသူများတွင် မြောက်ကိုးရီးယားနိုင်ငံသား ပါဝင်နေကြောင်း၊ ရဲဘက်သည် ဥပဒေအရ သင့်တော်သောနည်းလမ်းဖြင့် မသင်္ကာသူကို ဖမ်းဆီးမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ၄င်းတို့သည် မည်သူမည်ဝါဖြစ်သည်ကို မဖေါ်ပြရသေးကြောင်းပြောကြားသည်။

   Webradio