• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မတီသည် မြန်မာ အစိုးရအား တာလတ် အစီရင်ခံစာနှင့် အဆိုပြုချက်ကို တင်ပြ

(GMT+08:00) 2017-03-20 10:21:13

မြန်မာ အစိုးရ ခန့်အပ်ထားသော ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မတီသည် လွန်ခဲ့သည့် သီတင်းပတ်က အစိုးရအား တာလတ် အစီရင်ခံစာနှင့် အဆိုပြုချက်ကို တင်ပြပြီး မြန်မာအစိုးရ အနေနှင့် လူသားချင်း စာနာထောက်ထားရေး အသင်းအဖွဲ့မားနှင့် မီဒီယာများအား ရခိုင်ပြည်နယ်သို့ ဝင်ရောက်သော ပေါက်လမ်းကို ဘက်စုံ ဖွင့်ပေးရန် တိုက်တွန်း လှုံ့ဆော်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မတီ၏ ခေါင်းဆောင်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း အန်နန် ဖြစ်ပြီး မြန်မာ ကျွမ်းကျင်ပညာရှင် ၆ ဦးနှင့် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင် ၃ ဦးတို့သည် ကော်မတီဝင်များ ဖြစ်ကြောင်း၊ ယင်းကော်မတီကို မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ အစိုးရ၏ ဖိတ်ကြားချက် အရ လွန်ခဲ့သည့်နှစ် စက်တင်ဘာလတွင် ဖွဲ့စည်းတည်ထောင် ခဲ့ခြင်း ဖြစ်ကြောင်း၊ ရည်မှန်းချက်သည် ရခိုင်ပြည်နယ် ဗုဒ္ဓဘာသာဝင်နှင့် အစ္စလမ်ဘာသာဝင်များအကြား လူမျိုးစု အငြင်းပွါးမှု ဖြေရှင်းရေး နည်းလမ်းကို ရှာကြံပေးရန် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ယခုလ ၁၆ ရက်နေ့က ကော်မတီဝင် စာလာမီသည် ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့သည်။ ၄င်းက၊ လူသားချင်း စာနာထောက်ထားရေး အသင်းအဖွဲ့များသည် အကြမ်းဖက် အငြင်းပွါးမှု ဖြစ်ပွါးရာနေရာသို့ အတားအဆီးမဲ့ ဝင်ထွက်စေရမည် ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ မီဒီယာများအား ယင်းဒေသများသို့ ဝင်ရောက် နိုင်သော ပေါက်လမ်းများကို ဘက်စုံ ဖွင့်ပေးရမည် ဖြစ်ကြောင်း၊ မြန်မာ လုံခြုံရေး တပ်ဖွဲ့ ပြုပြင်ပြောင်းလဲမှုကို ပြုလုပ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အကြံပေးကော်မတီ၏ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးနောက် ၃၊၄ နာရီတွင် မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးသည် ကြေညာချက် တစ်ရပ် ထုတ်ပြန်ပြီး၊ ကော်မတီ တင်ပြသော အဆိုပြုချက် ၃၀ ကျော် အနက် အများစုကို လျင်မြန်စွာ အကောင်အထည် ဖေါ်ဆောင်နိုင်မည် ဖြစ်ပြီး အဆိုပြုချက် အနည်းစု၏ ဖေါ်ဆောင်ခြင်းသည် ဒေသခံ အခြေအနေကို ကြည့်ပြီး ဆောင်ရွက်ရမည်ဟု ဖေါ်ပြထားကြောင်း သတင်းရရှိပါသည်။

   Webradio