• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ရှီကျင့်ဖိန် တွေ့ဆုံ

(GMT+08:00) 2017-03-20 09:30:00

တရုတ်နိုင်ငံတော်ဥက္ကဌ ရှီကျင့်ဖိန်သည် မတ်လ ၁၉ရက်နေ့က တရုတ်ပြည် ပီကင်းမြို့တော်ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တီလေစွန်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့ တွေ့ဆုံနှုတ်ဆက်ရာတွင် ရှီကျင့်ဖိန်က မျက်မှောက်တွင် တရုတ်-အမေရိကန် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီး အခွင့်အလမ်းနှင့် ရင်ဆိုင်နေကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးသည် နှစ်နိုင်ငံအတွက်ရော ကမ္ဘာအတွက်ပါ အရေးကြီးကြောင်း၊ နှစ်ဖက်တို့သည် မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှု နှင့် သိရှိနားလည်မှုကို တိုးပွားစေရန်လိုကြောင်း၊ ပြောကြားပါသည်။

သမ္မတ ဒေါ်နာ ထရန့်သည် ဥက္ကဌ ရှီကျင့်ဖိန်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်မှုကို များစွာ အလေးထားပြီး နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်၏ တွေ့ဆုံပွဲ အမြန်ဆုံးကျင်းပရန် မျှော်လင့် ကြောင်း၊ တီလေစွန်က ပြောကြားပါသည်။

ရှီကျင့်ဖိန်က သမ္မတ ဒေါ်နာ ထရန့်အား နှုတ်ခွန်းဆက်အမှာစကားကို တစ်ဆင့် ပြောပြပြီး တရုတ်ပြည်သို့ ခရီးလှည့်လည်ရန် ကြိုဆိုကြောင်း၊ သိရပါသည်။

   Webradio