• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အမေရိကန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်ရန် လိုအပ်ဟု နှစ်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးများဆို

(GMT+08:00) 2017-03-19 16:28:15

   ဂျာမဏီ နိုင်ငံ Baden-Badenတွင် ဂျီ-၂၀ ဘဏ္ဍာရေး ဝန်ကြီးနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေးသို့ တက်ရောက်နေသော တရုတ် ဘဏ္ဍာရေး ဝန်ကြီး လျှောကျယ်က  ယခုလ ၁၈ရက်နေ့က အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Mnuchinနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်ဖက်တို့က စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့် တိုးအားဖြည့်ပြုလုပ်ရန် လိုအပ်ကြောင်း အလေးထား ပြောကြားသည်ဟု သိရသည်။

 

   Webradio