• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကို ယန်ကျယ်ချီ တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2017-03-19 16:26:36

တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျယ်ချီသည် ယခုလ ၁၈ရက်နေ့က ပီကင်းမြို့တွင် အလည်အပတ် ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက္ကစ် တီလာစွန်ကို တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ယန်ကျယ်ချီက တရုတ်-အမေရိကန် ဆက်ဆံမှု ရေရှည်ရှင်သန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံ အကြား အပြုသဘောဆောင် သောပူးပေါင်းဆောင်ရွက်ရေးကို ထိန်းသိမ်းထားခြင်းသည် မိမိတို့ နှစ်နိုင်ငံနှင့် နိုင်ငံတကာ မိသားစုကြီး၏ ဘုံအကျိုးစီးပွားများနှင့် ကိုက်ညီကြောင်း ပြောကြားသည်။

တီလာစွန်က အမေရိကန်-တရုတ် ဆက်ဆံမှုသည် အလွန်အရေးကြီးကြောင်း၊ အမေရိကန် အနေနှင့် တရုတ်ပြည်နှင့် အတူ လာမည့်အဆင့်ကာလတွင် နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင်များအကြား ကူးလူးဖလှယ်ရေး အတွက် တက်ကြွစွာ ပြင်ဆင်ပြီး အဆင့်မြင့် ဆွေးနွေးခြင်းနှင့် ဆက်ဆံမှုကို အားဖြည့်ပြုလုပ်ကာ အကျိုးဖြစ်ထွန်းမှုရှိသော ပူးပေါင်း ဆောင်ရွက်မှုကို တွန်းအားပေးရန် လက်တွဲ ကြိုးပမ်းလိုကြောင်း၊ ယင်းသည် နှစ်နိုင်ငံနှင့် နိုင်ငံတကာ မိသားစုကြီး၏ အကျိုးစီးပွားများနှင့် ကိုက်ညီကြောင်းလည်း ပြောကြားသည်။

   Webradio