• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နီပေါနိုင်ငံက ၆ ကြိမ်မြောက်နိုင်ငံတကာကုန်စည်ပြပွဲကျင်းပ

(GMT+08:00) 2017-03-17 10:35:54

နီပေါနိုင်ငံ ၆ ကြိမ်မြောက်နိုင်ငံတကာကုန်စည်ပြပွဲကို ယမန်နေ့ ၁၆ ရက်နေ့က ခတ္တမန္တူမြို့တော်တွင် စတင်ကျင်းပခဲ့ကြောင်း၊ ပြပွဲတွင် တရုတ်ကုန်စည်များ၏ ပြခန်းနေရာပမာဏသည် နီပေါနိုင်ငံပြီးလျှင် ဒုတိယ၌ တည်ရှိကြောင်း တရုတ်သတင်းဌာနမှ သတင်းအရသိရပါသည်။

၎င်းကုန်စည်ပြပွဲတွင် လက်မှုအနုပညာပစ္စည်း၊၊ သတင်းအချက်အလက် သိပ္ပံနည်းပညာပစ္စည်းနှင့် ဝန်ဆောင်မှု၊ လယ်ယာထွက်ကုန်၊ ဆေးဝါးနှင့်ဆေးကိရိယာ၊ သတ္တုပစ္စည်း၊ သားရေပစ္စည်း၊ အိမ်ထောင်ပရိဘောဂနှင့် နောက်ဆုံးပေါ် ကုန်ပစ္စည်းများစသည်တို့ကို ပြသကြောင်း သိရပါသည်။

နီပေါနိုင်ငံက ၆ ကြိမ်မြောက်နိုင်ငံတကာကုန်စည်ပြပွဲတွင် ပြခန်းနေရာ ၃၄၀ ခုရှိပြီး တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့်ထိုင်းစသောနိုင်ငံမှ ကုန်ပစ္စည်းများ ဆွဲဆောင်မှုရှိကြောင်း၊ ယင်းပြပွဲသည် မတ်လ ၂၀ ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း သိရပါသည်။

   Webradio