• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ခုနှစ် တရုတ်-အာဆီယံ ခရီးသွား ပူးပေါင်းဆောင်ရွက်ရေးနှစ် ဖွင့်ပွဲအခမ်းအနားသို့ ဝမ်ယန်တက်ရောက်ပြီး မိန်ခွန်းပြောကြား

(GMT+08:00) 2017-03-17 10:26:21

        ၂၀၁၇ခုနှစ် တရုတ်-အာဆီယံ ခရီးသွား ပူးပေါင်းဆောင်ရွက်ရေးနှစ် ဖွင့်ပွဲအခမ်းအနားကို ယခုလ ၁၆ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပခဲ့ရာ တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ကာ ဒုဝန်ကြီးချုပ် ဝမ်ယန်သည် အခမ်းအနား၌ လီခေ့ချန်၏ ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားကာ မိန့်ခွန်းပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        တရုတ်နှင့် အာဆီယံတို့သည် အိမ်နီးချင်းကောင်းဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ပြည်သူပြည်သားများ ချစ်ခင်ရင်းနှီးစွာ ဆက်ဆံလျက်ရှိကြောင်း၊ တရုတ်နှင့် အာဆီယံတို့သည် ခရီးသွား အများဆုံးနှင့် ခရီးသည်အများဆုံးဆွဲဆောင်နိုင်သောနေရာ အပြန်အလှန်ဖြစ်ကြောင်း၊ တရုတ်-အာဆီယံ အကြား ပတ်စဉ် လေကြောင်းလိုင်း ၂၇၀၀ ကျော်ရှိကြောင်း၊ ခရီးသွား ပူးပေါင်းဆောင်ရွက်ရေးနှစ် လှုပ်ရှားမှုသည် ယမန်နှစ် စက်တင်ဘာလက ကျင်းပခဲ့သော တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေး၏ အဓိက ရလဒ်တစ်ခုဖြစ်ပြီး တရုတ်-အာဆီယံနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး၏ အောင်မြင်သည့်အကျိုးရလဒ် တစ်ခုလည်းဖြစ်ကြောင်း ဝမ်ယန်က ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

   Webradio