• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အချင်းဖြစ်ပွားရာဒေသတွင် လူကုန်ကူးမှုကို အားဖြည့်တိုက်ဖျက်ရန် တရုတ် ကိုယ်စားလှယ် ပန်ကြား

(GMT+08:00) 2017-03-16 12:04:46

အချင်းဖြစ်ပွားရာဒေသတွင် လူကုန်ကူးမှု နှင့် ကျွန်ပြုမှု ပြဿနာများကို အားဖြည့်တိုက်ဖျက်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်ရန် ကုလသမဂ္ဂ ဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ် လျူကျေအီက မတ်လ ၁၅ရက်နေ့က ပန်ကြားခဲ့ ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုနေ့၌ လုံခြုံရေးကောင်စီသည် လက်နက်ကိုင်အချင်းဖြစ်ပွားရာ ဒေသတွင် လူကုန်ကူးမှု၊ ကျွန်ပြုမှုပြဿနာများနှင့်ပတ်သက်၍ တံခါးဖွင့်အစည်းအဝေးကို ကျင်းပခဲ့ပါ သည်။ တရုတ်နိုင်ငံအနေနှင့် လက်နက်ကိုင် အချင်းဖြစ်ပွားရာဒေသတွင် လူကုန်ကူးမှု မှန်သမျှကို ပြတ်သားစွာဆန့်ကျင်ကြောင်း၊ နိုင်ငံတကာမိသားစုကြီးသည် သက်ဆိုင်ရာ ပြဿနာများကို ပူးတွဲဖြေရှင်းကြရန် တရုတ်ပြည်က ထောက်ခံကြောင်း၊ လျူကျေအီက ပြောကြားခဲ့ပါသည်။

   Webradio