• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စစ်အေးကာလအတွေးအခေါ်အရ ဘက်လိုက်မှုမျိုး မမြင်လိုဟု လီခေ့ချန် ဆို

(GMT+08:00) 2017-03-16 10:47:47

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်က၊ အာရှ ပစိဖိတ်ဒေသသည် ဒေသတွင်းနိုင်ငံများ အတူတကွ ပိုင်ဆိုင်သော ရပ်ရွာ ဖြစ်ပြီး မိမိတို့သည် စစ်အေးကာလ အတွေးအခေါ် အောက်၌ ဘက်လိုက်မှုမျိုး ဖြစ်ပွါးစေရန်ကို မိမိတို့ မမြင်လိုကြောင်း ယခုလ ၁၅ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့သည်ဟု တရုတ် အစိုးရ ဝက်ဘဆိုက်မှ သတင်းအရ သိရပါသည်။

လီခေ့ချန်သည် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲတွင် ထိုင်း မန်နေဂျာ သတင်းစာမှ သတင်းထောက် တစ်ဦး၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio