• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟိုင်နန်ခရီးသွားနိုင်ငံတကာမိတ်ဆက်ပွဲကို ဖိလစ်ပိုင်မနီလာ၌ ကျင်းပ

(GMT+08:00) 2017-03-16 10:43:14

ဟိုင်နန်ကိုထိတွေ့ခံစားခြင်းဟူသောဆောင်ပုဒ်ဖြင့် တရုတ်ပြည်ဟိုင်နန်ခရီးသွား နိုင်ငံတကာ မိတ်ဆက်ပွဲကို မတ်လ၁၅ရက်နေ့က ဖိလစ်ပိုင်နိုင်ငံမနီလာမြို့၌ ကျင်းပခဲ့ကြောင်း၊ ၂၀၁၇ခုနှစ်သည် တရုတ်-အာဆီယံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးနှစ်ဖြစ်ပြီး  နှစ်ဘက်တို့သည် ၂၀၂၀ပြည့်နှစ် တရုတ်-အာဆီယံ အပြန်ခရီးသွားဦးရေ သန်း၃၀ရှိရန်ရည်မှန်းချက် အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက် ခရီးသွားပူးပေါင်းဆောင်ရွက်မှုကို တဆင့်တိုးတွန်းအားပေး မည်ဖြစ်ကြောင်း တရုတ်သတင်းဌါနမှ သတင်းအရသိရပါသည်။

ဟိုင်နန်းလေးကြောင်းကုမ္ပဏီသည် ဟိုင်ခို-မနီလာနှင့် ဟိုင်ခို-ဇေဘု တိုက်ရိုက်လေကြောင်းလိုင်း၂ခုကို ယခုနှစ်တွင် ဖွင့်လှစ်ပျံသန်းမည်ဖြစ်ပြီး ယင်းတို့မှာ ဟိုင်နန်းနှင့် ဖိလစ်ပိုင်အကြား ပထမဆုံးတိုက်ရိုက်ပျံသန်းမည့် လေကြောင်းလိုင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio