• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရှ-ပစိဖိတ်ဒေသ စီးပွားရေး တပြေးညီဖြစ်ရေး အဆင့်မြင့် ဆွေးနွေးပွဲကို ကျင်းပပြီးစီး

(GMT+08:00) 2017-03-16 10:15:59

        အာရှ-ပစိဖိတ်ဒေသ စီးပွားရေး တပြေးညီဖြစ်ရေး အဆင့်မြင့် ဆွေးနွေးပွဲကို ဒေသစံတော်ချိန် ယခုလ ၁၅ ရက်နေ့က ချီလီနိုင်ငံ ဗီနာဒယ်မာမြို့၌ ကျင်းပပြီးစီးခဲ့သည်။ ယင်းဆွေးနွေးပွဲသို့တက်ရောက်သော လက်တင်-အမေရိကရေးရာ တရုတ်အထူးကိုယ်စားလှယ် ယဉ်ဟိန်မင်က မိန့်ခွန်းပြောကြားခဲ့ရာတွင် တရုတ်ပြည်သည် ကမ္ဘာ့စီးပွားရေးအင်ဂျင် အဖြစ် ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်ပြီး ဒေသတွင်း စီးပွားရေး တပြေးညီဖြစ်ရေးကို ပြတ်သားစွာ တွန်းအားပေးမည်ဖြစ်ကြောင်း၊ တံခါးဖွင့်ပြီး သက်ညာထောက်ထားသော ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းအတိုင်း ပြတ်သားစွာ လျှောက်လှမ်းပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် အပြန်အလှန်အကျိုးရရှိစေရေးကို ရှာကြံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio